သူ့အတွေးသူ့အမြင် | စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

Release Date - 1 year ago

စစ်ဘေး၊ သဘာဝ ဘေးအန္တရာယ်တွေကြုံတိုင်း ဗေဒင်ယတြာတွေနဲ့ ဘုရားကု ကုလေ့ရှိတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတုန်း ပဲခူးမြို့က ရှေးဟောင်း ကျိုက်ပညာယျစေတီတော်ကို မိသားစုလိုက် ထီးသွားတင်ပေမယ့် အဲဒီနေ့ မတ်လ ၁၇ ရက်မှာပဲ ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်တော် (AA) က ထပ်သိမ်းလိုက်ပါတယ်။

ကျိုက်ပညာယျစေတီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်က ပဲခူး၊ ဟံသာဝတီခေတ် ရှေးမွန်မင်းဆက်တွေရဲ့ အဆက်အနွယ် မင်း၊ မိဖုရားနှစ်ပါးက တည်ထားခဲ့တာဖြစ်ပြီး ရှေးမင်းတွေအဆက်ဆက်၊ သူတော်ကောင်းတွေ အဆက်ဆက် တည်ခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ထီးတင်ပွဲမှာ ထုံးစံအတိုင်း ကိုးဂဏန်းကြိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လောကီအကျိုးစီးပွားတွေ အောင်မြင်အောင် ယတြာအနေနဲ့ ခေါင်းလောင်း ကိုးချက် ထိုးခတ်ပူဇော်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ ယတြာအစီအမံတွေဟာ မနှစ် နိုဝင်ဘာလကစပြီး တော်လှန်တိုက်ခိုက်ကာ မြို့တွေကို တမြို့ပြီး တမြို့ သိမ်းနေတဲ့ AA ရဲ့ စွမ်းရည်ကိုတော့ ယှဉ်နိုင်ခဲ့ပုံ မရပါဘူး။

ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ယတြာအစီအမံတွေဟာ မနှစ် နိုဝင်ဘာလကစပြီး တော်လှန်တိုက်ခိုက်ကာ မြို့တွေကို တမြို့ပြီး တမြို့ သိမ်းနေတဲ့ AA ရဲ့ စွမ်းရည်ကိုတော့ ယှဉ်နိုင်ခဲ့ပုံ မရပါဘူး။ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်တော်၊ တောင်ပြိုလက်ဝဲနဲ့ ချင်းပြည်နယ်က ပလက်ဝတို့ကို သိမ်းပိုက်အပြီးမှာ ရသေ့တောင်ကို သိမ်းတာ ဖြစ်ပါတယ်။

သမ္မတဖြစ်ချင်တဲ့အတွက် ဘုရားတွေကို ပြုပြင် ထီးတင်တာတွေ မင်းအောင်လှိုင် လုပ်နေကျဖြစ်ပါတယ်။ သမ္မတဖြစ်ချင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ စစ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ကတည်းက ယတြာချေတဲ့အနေနဲ့ ပုဂံရှိ ထီးလိုမင်းလိုဘုရားကို အရင် ထီးတင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်မှာ ရန်အပေါင်းကို အောင်မြင်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ကမ္ဘာ့အမြင့်ဆုံးထိုင်တော်မူ မာရဝိဇယ ဘုရားကြီးကို တောက်လျှောက် ကိုးဂဏန်း အစီအရင်တွေနဲ့ ငွေကျပ် ဘီလီယံချီ အကုန်အကျခံပြီး တည်ခဲ့ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အညာတော်လှန်ရေး ပြင်းထန်နေချိန်တုန်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူမွေးတဲ့ မကွေးတိုင်း၊ မင်းဘူးမြို့နဲ့ ၁၃ မိုင်လောက်ပဲဝေးတဲ့ ပွင့်ဖြူမြို့နယ်ထဲက တောဘုရားလေးဖြစ်တဲ့ သက်သာပန်းတောင်းစေတီကို စကြာပန်းတောင်းလို့ နာမည်ပြောင်းပြီး အဲဒီနှစ် ဖေဖော်ဝါရီလမှာ မိသားစုလိုက် ထီးသွားတင်ခဲ့ပါတယ်။

စေတီပရဝုဏ်ထဲမှာ အတိုက်အခံက လွတ်ကင်းအောင်၊ အသက်အန္တရာယ်ပြုမယ့်သူ အန္တရာယ်က ကင်းဝေးအောင် အဘယဇာတက အင်းဆိုတဲ့ အင်းကွက်ကြီးတခုကိုလည်း ပြုလုပ်ခဲ့ပြီး ကိုယ်တိုင် အမွှေးနံ့သာတွေ ပက်ဖြန်းခဲ့ပါသေးတယ်။

ဒီလိုပဲ ၂၀၂၃ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းကြီး တိုက်ခတ်တော့မယ့် အချိန်မှာလည်း မင်းအောင်လှိုင်ဟာ မုန်တိုင်းနဲ့ပတ်သက်ပြီး အစည်းအဝေးတွေနဲ့ အလုပ်ရှုပ်နေရမယ့်အစား ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ပြေးပြီး ဘုရားထီးတင်နေခဲ့တာပါ။

ဒီလိုပဲ ၂၀၂၃ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းကြီး တိုက်ခတ်တော့မယ့် အချိန်မှာလည်း မင်းအောင်လှိုင်ဟာ မုန်တိုင်းနဲ့ပတ်သက်ပြီး အစည်းအဝေးတွေနဲ့ အလုပ်ရှုပ်နေရမယ့်အစား ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ပြေးပြီး ဘုရားထီးတင်နေခဲ့တာပါ။

ထီးတင်တဲ့ သတ္တသတ္တာဟ မဟာဗောဓိစေတီဟာ မင်းအောင်လှိုင်ရဲ့ အခါတော်ပေးဘုန်းကြီးဖြစ်တဲ့ ဝစီပိတ်ဆရာတော် ဦးကောဝိဒ ဦးဆောင်တည်တဲ့စေတီဖြစ်ပြီး ဝစီပိတ်ဆရာတော်ဟာ ခေတ်ကို ပြောင်းချင် ခေါင်းကို ပစ်လို့ မင်းအောင်ကို အစီရင်ပေးခဲ့သူ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးစ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးတွေရဲ့ ဆန္ဒပြပွဲတွေမှာ စစ်သားနဲ့ ရဲတွေဟာ စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူတွေရဲ့ ခေါင်းတွေကို ရွေးပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဗိုလ်မြောက်ရှုံးလို့ နာမည်သစ်ရစေတဲ့ ရှမ်းမြောက်တိုက်ပွဲတွေ အကြီးအကျယ် ရှုံးပြီး မြို့တွေ တမြို့ပြီးတမြို့ လက်လွှတ်နေရတုန်းကလည်း မင်းအောင်လှိုင်ဟာ စစ်ဆင်ရေးတွေကို ကွပ်ကဲနေရမယ့်အစား နေပြည်တော်၊ ပျဉ်းမနားနဲ့ ဇေယျာသီရိမြို့မှာရှိတဲ့ ရှေးစေတီလေးတွေကို နှစ်ရက်ဆက်တိုက် ထီးတင်ခဲ့ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်မှာ ပျဉ်းမနားမြို့နယ်ထဲမှာရှိတဲ့ မြို့တော်ထိပ်ပန် မင်္ဂလာစေတီလေးကို ထီးတင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာတော့ ဇေယျာသီရိမြို့နယ်ထဲမှာရှိတဲ့ နေပန်လပန် ရှေးဟောင်းစေတီတဆူကို ထီးတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တရုတ်က ကြားဝင်စေ့စပ်ပေးလို့ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေကြား ယာယီအပစ်ရပ်မယ့် ဟိုင်ဂင်သဘောတူညီချက်ကြောင့် ရှမ်းမြောက်တခွင်မှာ တိုက်ပွဲတွေ ရပ်သွားတာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ယတြာတွေ စွမ်းပြီလို့ တွက်ပုံရပါတယ်။

အဲဒီနောက် တရုတ်က ကြားဝင်စေ့စပ်ပေးလို့ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေကြား ယာယီအပစ်ရပ်မယ့် ဟိုင်ဂင်သဘောတူညီချက်ကြောင့် ရှမ်းမြောက်တခွင်မှာ တိုက်ပွဲတွေ ရပ်သွားတာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ယတြာတွေ စွမ်းပြီလို့ တွက်ပုံရပါတယ်။

အဲဒါနဲ့ ရှမ်းမြောက်လိုပဲ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲရှုံးပြီး မြို့တွေလက်လွှတ်ရနေတုန်း စစ်ရေးအစီအမံတွေ လုပ်ရမယ့်အစား ပဲခူးသွားပြီး ယတြာအစီအမံတွေလုပ်ကာ ဘုရားထီးတင်ခဲ့တာပါ။

ဒီလို စစ်ရေးစွမ်းရည် ကင်းမဲ့ပြီး ဗေဒင်ယတြာ အစီအရင်တွေနဲ့ ဘုရားယောင်ယောင် တရားယောင်ယောင် လုပ်လွန်းလို့လည်း စစ်တပ်ထောက်ခံသူတွေကတောင် မင်းအောင်လှိုင်ကို ‘ဘုရားဒကာကြီး’ လို့ လှောင်ပြောင်ခဲ့ကြပြီး ပြီးခဲ့တဲ့ ရှမ်းမြောက်တိုက်ပွဲတွေ ရှုံးချိန်က ရာထူးက နုတ်ထွက်ဖို့အထိတောင် ပြောဆိုဆန္ဒထုတ်ဖော်မှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း အရာရှိငယ် ဘဝကတည်းက တိုက်ပွဲတွေမှာ မယ်မယ်ရရ လက်စွမ်းပြနိုင်ခဲ့တာ မရှိဘဲ စစ်မြေပြင် ရှေ့တန်းမှာ သေမှာကြောက်လို့ ဘုရားဆင်းတုတော်ကို စစ်သုံးမြေပုံအိတ်ထဲထည့် စလွယ်သိုင်းထားလေ့ရှိတဲ့ မင်းအောင်လှိုင်လို စစ်ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဘုရားတွေ တဆူပြီးတဆူ ထီးတင် ယတြာချေနေတာဟာ လူက မစွမ်းတော့ နတ်မ ခိုင်းနေတာလို့ ဆိုရမလို ဖြစ်နေတာပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Maung Kavi ၏ Myanmar Junta Boss’s Magic Rituals Fail to Prevent Loss of Rathedaung to AA ကိုလည်း ဖတ်ရှုပါ။)

You may also like these stories:

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

ကုသိုလ် တပဲ၊ ငရဲ တပိဿာနဲ့ အကုသိုလ် ဘုရားဒကာကြီး

အကျအဆုံးများနေသည့် စစ်တပ် ဘာသာရေးဖြင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်လာ

နေပြည်တော်က ဆင်းတုတော်ကြီး “မျက်ရည်ကျ” လို့ ယာယီ ပိတ်ထား